The SaTo Hygienic Toilet Plan

နည်းလမ်းမကျသာ အညစ်အကြေးစွန့်ပစ်ခြင်းသည် ကလေး သေဆုံးခြင်း၏ အဓိကအကြောင်းရင်း တစ်ခုဖြစ်သည်။ ယနေ့ အညစ်အကြေးကို စနစ်တကျ စွန့်ပစ်နိုင်သည့် နေရာများ လုံလောက်မှု မရှိသောကြောင့် ကလေး ၁,၈၀၀ ခန့်သည် နေ့စဉ်သေဆုံးနေကြရသည်။ ဤကမ္ဘာနှင့်အဝှမ်း ဖြစ်နေသော ဘေးဒုက္ခအတွက် ကျွန်ုပ်တို့၏ ဖြေရှင်းချက်မှာ ကုန်ကျစရိတ်နည်းပါးသော သန့်ရှင်းသည့် SaTo အိမ်သာသွားသည့်အိုးဖြစ်ပြီး ၎င်းသည် ရိုးရှင်းသော လှုပ်ရှားမှုနှင့် ရေဖြင့် ပိတ်ဆို့ခြင်းကို အသုံးချ၍ အိမ်သာအိုးအဝကို လေနှင့် မထိတွေ့စေရန် ပိတ်လိုက်ခြင်းဖြစ်သည်။ ၎င်းက ပျံသန်းသော ပိုးမွှားများ လူမှစွန့်ပစ်သာ အညစ်အကြေးနှင့် ထိတွေ့ပြီး ရောဂါကူးစက်စေခြင်းကို လျှော့ချပေးသည်။ SaTo အိုးသည် မြင်မကောင်းသည့်အရာနှင့် အနံ့များကို အိမ်သာအိုးအဝနေရာမှ ထွက်ပေါ်မှု မရှိစေရန် ပယ်ဖျောက်ပေးသည်။ ၂၀၁၃ တွင် American Standard သည် Champion Pro အိမ်သာတစ်လုံးရောင်းတိုင်း SaTo တစ်လုံးကို လှူဒါန်းပေးသည့် SaTo အရောင်းတိုးမြှင့်ခြင်းဖြစ်သော Flush for Good™ စီမံကိန်းကို စတင်ခဲ့သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများကို SaTo အိမ်သာခွက် ၁.၂ သန်းလှူဒါန်းခြင်း။

ပထမ SaTo ခွက်မော်ဒယ် ၏ ၈၁၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်၊ ယူဂန်ဒါ၊ ဟိုင်တီ၊ မာလာဝီ၊ နီပေါ၊ နိုင်ဂျီးရီးယား နှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ဖြန့်ဝေ တပ်ဆင်ပေးခဲ့သည်။

American Standard သည် ၂၀၂၀ တွင် လူသန်းပေါင်း ၂၀ ကျော်ကို ဘေးအန္တရာယ်ပိုကင်းသော အညစ်အကြေးစွန့်ပစ်နိုင်သည့် လုပ်ဆောင်နိုင်မှုများ ပေးကမ်းပြီး ဘဝအရည်အသွေးကို တိုးမြှင့်ပေးရန် ရည်မှန်းချက်တစ်ခု ထားရှိခဲ့သည်။

American Standard သည် လောလောဆယ်တွင် SaTo မော်ဒယ်အသစ် သုံးခုအတွက် ကွင်းဆင်း စမ်းသပ်မှုကို လုပ်ဆောင်နေပါသည်။ မော်ဒယ်အသစ်များကို အာဖရိက၏ ဒေသအပိုင်းတစ်ခုဖြစ်သည့် ဆာဟာရသဲကန္တာရကဲ့သို့ ရေရှားသော နေရာတွင် အသုံးပြုနိုင်ရန် ဖန်တီးထားသည်။ ပိတ်နိုင်သော တံခါးတစ်ခုက အတွင်းရှိ အရာများကို မမြင်ရစေရန်နှင့် အနံ့မရစေရန် ပိတ်ဆို့ထားပေးပြီး အညစ်အကြေးကို ဖယ်ရှားပစ်ရန် ကြိုးကိုဆွဲခြင်းဖြင့် ၎င်းကို အဆင်ပြေစွာဖွင့်နိုင်သည်။ အသုံးပြုသူသည် ခွက်ကို ရေအနည်းငယ်မျှသာ အသုံးပြု၍ ဆေးကြောနိုင်သည်။ SaTo အိမ်သာခွက်သည် ကျွန်ုပ်တို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ သန်းပေါင်းများစွာသော လူများကို ကူညီနိုင်စေသည့် ဖြေရှင်းချက် တစ်ခုဖြစ်ခဲ့သည်။