နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ

သင့်ကိုယ်ပိုင် အိုအေစစ်ကို American Standard ၏ နှိပ်နယ်ပေးသော ရေချိုးကန်ဖြင့် တည်ဆောက်လိုက်ပါ။ နုညံ့သော၊ ပျော့ပြောင်းသော လေပူဖောင်း ရေစိမ်ချိုးခြင်းမှ အစပြု၍ ပိုအားကောင်းသော၊ ကြမ်းတမ်းသော ရေဝဲ၏ နှိပ်နယ်မှု နှင့် နှိပ်နယ် ပေါင်းစပ်မှု မျိုးစုံ သို့မဟုတ် ကျန်းမာရေး ရေချိုးကန်အထိ American Standard သည် လူတိုင်းအတွက်် အကြိုက်တွေ့စေမည့် တစ်ခုကို ထုတ်လုပ်ထားပါသည်။

နှိပ်နယ်ပေးသော ရေချိုးကန်ကိုရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များမှာ...

ရေဝဲကန်များ
အားပြင်းသော ကြွက်သားနှိပ်နယ်မှုမှ နာကျင်သောကြွက်သားများနှင့် အရိုးအဆစ်များကို သက်သာစေရန် သို့မဟုတ် တင်းမာမှုများ လျော့ပါးစေရန် လိုအပ်သည့်သူများအတွက် ရေဝဲကန်များသည် ကောင်းစွာသင့်လျော်သည်။ ရေဝဲရေချိုးကန်သည်် ရေခေါင်းများမှ ရေကိုအားဖြင့် ပက်ဖြန်းရန် ရေစုတ်စက်ကို အသုံးပြုသည်။ များစွာသော American Standard ကန်များတွင် လေပမာဏ ထိန်းချုပ်သည့် ခလုပ် တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပါရှိက ၎င်းတို့က လေကို ရေခေါင်းအတွင်းသို့ ထည့်ပေးသည့် တိကျသော ထိန်းချုပ်မှုဖြင့် ရေအားကို လျော့စေနိုင်သည်။

လေရေချိုးကန်များ
လေနွေးပူဖောင်းထောင်ပေါင်းများစွာဖြင့် နုညံ့စွာဖြေလျှော့ပေးသည့် American Standard ၏ လေရေချိုးကန်များကို ပျော်မွေ့စွာအသုံးပြုလိုက်ပါ။ လေဖြင့်ရေချိုးခြင်းတွင် ရေချိုးကန် ပတ်ပတ်လည်တွင်ရှိသော လေထုတ်ခေါင်းများမှ ကောင်းစွာချောမွေ့သော လေနွေးကို အားဖြင့်မှုတ်ထုတ်ပေးရန် လေမှုတ်စက်နှင့် တပ်ဆင်ထားသည့် အပူပေးစက်ကို အသုံးပြုသည်။ တပ်ဆင်ထားသည့် အပူပေးစက်က ရေကို နွေးစေသည်၊ လေထုတ်ခေါင်းများသည် အသံတိတ်ဆိတ်ပြီး ၎င်းတို့တွင် ရေဖောက်စနစ်များပါရှိကာ သန့်ရှင်းရန်လွယ်ကူသည်။ ငြိမ်သက် နုညံ့သော လေပူဖောင်းမှ သွက်လက်လှုပ်ရှားပြီး လန်းဆန်းစေသည့် လေပူဖောင်း နှိပ်နယ်မှုအထိ အားအနည်းအများကို ခလုပ်တစ်ခုကိုထိ၍ ရွေးချယ်နိုင်အောင် ပြုလုပ်ထားသည်။

ကျန်းမာရေး ရေချိုးကန်များ
American Standard ၏ ကျန်းမာရေး ရေချိုးကန်အတွဲစဉ်များသည် ရေဝဲရေချိုးကန်မှ နှိပ်နယ်ပေးသော ရေခေါင်းများ နှင့် လေရေချိုးကန်မှ ဖြေလျှော့ပေးသည့် ချောမွေ့သော လေထုတ်ခေါင်းများကို ပေါင်းစပ်ထားကာ သင့်အား ရေချိုးရာတွင် များစွာသောလိုအပ်ချက်များနှင့် ကိုက်ညီစေရန် နုညံ့သော လေပူဖောင်း နှိပ်နယ်မှုမှ သွက်လက်လှုပ်ရှားသော ရေခေါင်းနှိပ်နယ်မှုအထိ နှိပ်နယ်မှုမျိုးစုံကို ရွေးချယ်နိုင်စေသည်။ ကျန်းမာရေး ရေချိုးကန်များသည် ကိုယ်နှင့် စိတ်ကို နေကောင်းကျန်းမာစေရန် ခြုံငုံကုသသော ချဉ်းကပ်နည်း အနေနှင့် အလင်းရောင်လှိုင်းမျိုးစုံ၏ ရောက်ပြန်ဟပ်မှုများကို အသုံးပြုသည့် အိုဇုံးထုတ်လွှတ်မှုနှင့် ခရိုမာကုထုံးစနစ်လည်း ပါရှိသည်။

လေခေါင်းများ
အရေပြားကို လှုပ်ရှားရန် နှင့် ခန္ဓာကိုယ်ကို နှိပ်နယ်ပေးရန် ဖန်တီးထားသော ရေချိုးကန်ပတ်ပတ်လည်ရှိ American Standard ၏ ကောင်းစွာချောမွေ့သော လေထုတ်ခေါင်းများက တစ်မူထူးခြားသည့် ပိုမိုနုညံ့သော ရေကုထုံးပုံစံတစ်ခုကို ဖန်တီးပေးရန် သင့်အား ထောင်ပေါင်းများစွာသော ပူနွေးသည့် လေပူဖောင်းများဖြင့် ဖြေလျှော့ပေးသည်။

ရေခေါင်းအရေအတွက်
ရေဝဲရေချိုးကန် ရေခေါင်းများသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျှော့ပေးရန် ပတ်ပတ်လည်တွင်ရှိရမည်။ ရေဝဲရေချိုးကန်တစ်ခုကို ရွေးချယ်သောအခါ ရေခေါင်းများ၏ တည်နေရာနှင့် အရေအတွက်ကို ထည့်သွင်းစဉ်းစားပါ။ အချို့ရေချိုးကန်များသည် ခါးပိုင်းကဲ့သို့ သီးသန့်နေရာများအတွက် ရေခေါင်းအပို သို့မဟုတ် အထူးပြုလုပ်ထားသော ရေခေါင်းများ ပါရှိသည်။

သင့် ရေချိုးခန်း ဒီဇိုင်းနှင့် ဘယ်လိုတပ်ဆင်မှု ပုံစံမျိုးက သင့်တော်မလဲ။

American Standard ရေချိုးကန်များသည် ရှိသမျှရေချိုးခန်း ဒီဇိုင်းအားလုံး နီးပါးအတွက် ကိုက်ညီမှုရှိသည့် တပ်ဆင်မှုပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားပါသည်။

ခုံတွင်တပ်သော ရေချိုးကန်များ
မြှုပ်ရေချိုးကန်ဟုလည်းခေါ်သော ခုံတွင်တပ်သော ရေချိုးကန်များတွင် အနားကွပ်အချောသပ်မှုပါရှိပြီး ၎င်းအနားသည် အနီးရှိ မျက်နှာပြင်အောက်တွင် နိမ့်ကျ၍ဝင်နေသည်။ ထိုရေချိုးကန်များကို ထောင့်ချိုးများ၊ နံရံနှင့်ကပ်လျက် နေရာပိုများ၊ နှင့် ဘေးနေရာချန်ပြီး အလယ်တွင်စသော နေရာများအပါအဝင် နေရာမျိုးစုံတွင် တပ်ဆင်နိုင်သည်။ ၎င်းတို့ကို ကြမ်းတွင်လည်းမြှုပ်ထားနိုင်ပြီး အနားကွပ်သည့် ကြမ်းပြင်အဆင့်တွင်ထားနိုင်သည်။ ခုံတွင်တပ်သော ရေချိုးကန်များကို အောက်မှထောက်ကန် ပေးထားသည်။

ခုံအောက်တပ်သော ရေချိုးကန်များ
ခုံအောက်တပ်သော ရေချိုးကန်များကို ပတ်ဝန်းကျင်ရှိ ပလက်ဖောင်းမျက်နှာပြင်၏ အောက်တွင်တပ်ဆင်ခြင်းဖြင့် ညီညာချောမွေ့သော မျက်နှာပြင်ဖြစ်စေသည်။ ထိုရေချိုးကန်များကို ထောင့်ချိုးများ၊ နံရံနောက်ဆက်တွဲ နေရာပိုများ၊ နှင့် ဘေးနေရာချန်ပြီး အလယ်တွင်စသော နေရာများအပါအဝင် နေရာမျိုးစုံတွင် တပ်ဆင်နိုင်သည်။ ထိုရေချိုးကန်များကို အောက်မှထောက်ကန် ပေးထားသည်။

နံရံတွင်းအခန်းငယ်
နံရံတွင်းအခန်းငယ်၌ တပ်ဆင်မှုတွင် နံရံသုံးဘက်ကာထားသော နေရာတစ်ခုရှိရမည်။ အနားကွပ်ပါပြီးသား ရေချိုးကန်များနှင့် ရွေးချယ်နိုင်သည့်အနားကွပ်များ တပ်နိုင်သည့် ရေချိုးကန်များကို နံရံတွင်းအခန်းငယ် နေရာများတွင် တပ်ဆင်နိုင်သည်။ အချို့မော်ဒယ်များ၌ ရေချိုးကန်နှင့် နံရံများအကြားရှိ ရေကိုယူရန် အနားကွပ်ကျောက်ပြား ပါရှိပြီးသားဖြစ်သည်။ နံရံတွင်းအခန်းငယ်၌ တပ်သော ရေချိုးကန်များအတွက် ဘယ်ဘက် သို့မဟုတ် ညာဘက်တွင် ရေထုတ်မြောင်းထားမည့် နေရာမှန်ကို ရွေးချယ်ရန် အရေးကြီးပါသည်။

ထောင်ထားနိုင်သည့် ရေချိုးကန်များ
ထောင်ထားနိုင်သည့် ရေချိုးကန်များကို ရေချိုးခန်း၏ နေရာအားလုံးနီးပါးတွင် မည်သည့်နေရာမဆို ထားရှိနိုင်သည်။ ရေချိုးကန်ကို တစ်ခါတစ်ရံ အလှဆင်ထားသော အခြေတိုင် သို့မဟုတ် သီးသန့်ခြေထောက်များဖြင့် ထောက်ကန်နိုင်သည်။ ထောင်ထားနိုင်သည့် ရေချိုးကန်များသည် မကြာခဏ ခြေထောက်ကုတ်ပုံစံ သို့မဟုတ် ဖိနပ်ပုံစံ မော်ဒယ်များဖြင့် ထုတ်လုပ်သည်။

ထောင့်ချိုး
ထောင့်ချိုး သို့မဟုတ် တြိဂံပုံစံရေချိုးကန်များကို အခန်း၏ ထောင့်ချိုးတွင် တပ်ဆင်နိုင်ရန် ဖန်တီးထားသည်။ ၎င်းရေချိုးကန်များကို ခုံတွင်တပ်သော မော်ဒယ် သို့မဟုတ် ရှေ့ခြမ်း အနားသပ်ပါသော မော်ဒယ်ဖြင့် ရရှိနိုင်သည်။ ထောင့်ချိုးရေချိုးကန် အများစုတွင် အနား ငါးဘက်ရှိပြီး နှစ်ဘက်မှာ နံရံနှင့်ထိကာ သုံးဘက်မှာ ရှေ့ဘက်အတွက်ဖြစ်သော်လည်း ရှေ့ဘက်ကွေးထားသော မော်ဒယ်များလည်းရှိသည်။ မော်ဒယ်အများအပြားကို နှစ်ယောက်ရေချိုးရန် အတွက် ဒီဇိုင်းလုပ်ထားသည်။

သင့်ရေချိုးခန်း ဘယ်လောက်ကျယ်သလဲ။
နှိပ်ပေးသောရေချိုးကန်တစ်ကန်ကို ရွေးချယ်သောအခါ နေရာသည် အခက်အခဲတစ်ခုဖြစ်သည်။ ရေချိုးကန်များကို မကြည့်မီ ဦးစွာ နေရာကို တိုင်းထွာပြီး မည်သည့်ရေချိုးကန် အရွယ်အစားက အကောင်းဆုံး သင့်တော်မည်ကို စစ်ဆေးပါက လွယ်ကူစေနိုင်သည်။ ထိုသို့လုပ်ခြင်းဖြင့် သင့်ရေချိုးခန်းနှင့် မဝင်ဆန့်သော ရေချိုးကန်အကြီးများကို ကြည့်ပြီး နှစ်သက်စရာမလိုစေတော့ပါ။ American Standard နှိပ်နယ်ပေးသော ရေချိုးကန် အများအပြားသည် သာမန် ရေချိုးကန်များနှင့် အရွယ်အစားတူ ထုတ်လုပ်ထားသောကြောင့် နေရာကျဉ်းသည်ဖြစ်စေ ရွေးချယ်စရာ များစွာရှိပါသည်။

အရွယ်အစားကို ရွေးချယ်သောအခါ ရေချိုးကန်က ရေပမာဏမည်မျှလိုမည်ကိုလည်း ထည့်သွင်းစဉ်းစားပါ။ နှိပ်နယ်ပေးသော ရေချိုးကန်သည် ရေဂါလံ ၉၀ အထိဝင်ဆန့်နိုင်ပြီး ၎င်းအတွက် အချက်နှစ်ချက်ကို စဉ်းစားရလိမ့်မည်။ အကယ်၍ သင်သည် ရေရှားသော နေရာတွင် နေထိုင်ပါက ပိုသေးသော မော်ဒယ်ကို စဉ်းစားနိုင်သည်။ နောက်တစ်ခုမှာ ၎င်းသည် သင့်ရေပူအိုးက ဆန့်နိုင်သော ရေပမာဏထက်များသော ရေကို လိုအပ်နိုင်သည်။ သင့် ရေပိုက်ပြင်ဆရာကို မေးပါ။ ရေပူအိုးနောက်တစ်လုံးကို အလွယ်တကူတပ်ဆင်နိုင်သည် သို့မဟုတ် ရေဝင်လိုင်းတွင် တပ်ဆင်သည့် အပူပေးစက်တစ်ခုကို စဉ်းစားနိုင်သည်။ နောက်ထပ်တစ်ခုမှာ ကြမ်းပြင်သည် အလေးချိန် ထပ်တိုးမှုကို ထောက်ကန်နိုင်ကြောင်း သေချာပါစေ။

သင် ဘယ်လိုစတိုင်မျိုး ကြိုက်နှစ်သက်သလဲ။

ရေချိုးခန်းတွင် တပ်ဆင်သောအရာများသည် သင့်ရေချိုးခန်းတစ်ခုလုံး၏ အသွင်အပြင်ကို ဆုံးဖြတ်ပေးသည်။ သင့် အိမ်သာ၊ ဘေစင် နှင့် နှိပ်နယ်ပေးသော ရေချိုးကန်တို့သည် အချင်းချင်း သဟဇာတဖြစ်စေသည့် ဒီဇိုင်း၏ ပါဝင်ပစ္စည်းများဖြစ်စေသည်။ သို့ရာတွင် ရေချိုးကန်၏ ဒီဇိုင်းသည် အိမ်သာကဲ့သို့ အခြားတပ်ဆင်ထားသည့် အရာများထက် လှပတင့်တယ်မှု နည်းနိုင်ပြီး သင်သည် တစ်ခါတစ်ရံ အခြားအလားတူ ဒီဇိုင်းများကို ရောနှော၍ စပ်ဟပ်နိုင်သည်။

အခြားမည်သည့်ရွေးချယ်စရာများက သင့်အတွက် အရေးကြီးပါသလဲ။

ခရိုမာကုထုံး
ခရိုမာကုထုံးသည် ရေသွင်းသည့် လိုင်းအောက်တွင် သင့်ခံစားမှုနှင့် ကိုက်ညီစေရန် လက်ဖြင့်ရွေးချယ်နိုင်သော သို့မဟုတ် အလိုအလျှောက်လှည့်ပတ်သွားစေသည့် ငြိမ်သက်အေးချမ်းစေသော အရောင်များကို ထုတ်ပေးသည့် LED မီးများပါရှိသည့် အလင်းပေးစနစ်တစ်ခု ဖြစ်သည်။ ခရိုမာကုထုံး စနစ်များကို လေရေချိုးကန်များနှင့် ပေါင်းစပ်မှုအများပါသည့် နှိပ်နယ်ပေးသော စနစ်များတွင် ထည့်သွင်းထားပါသည်။

ရေပူပေးစက်
သင့်ရေချိုးကန်ကို ရေပူဖြင့်ဖြည့်ပြီးသည်နှင့် သက်တောင့်သက်သာရှိသော ဖြေလျှော့စေသည့် ရေချိုးမှုအတွေ့အကြုံတစ်ခုအတွက် ထိုအပူချိန်ကို သင်က ကြာရှည်စွာ ထိန်းထားလိုလိမ့်မည်။ American Standard နှိပ်နယ်ပေးသော ရေချိုးကန်အားလုံးတွင် ရေကိုနွေးနေစေရန် တပ်ဆင်ပါရှိပြီးသော ရေပူပေးစက် သို့မဟုတ် အပိုရွေးချယ်စရာ ရေပူပေးစက်များ ရှိပါသည်။