Bath & Shower ဘူံဘိုင်ခေါင်းများသည် ကျွန်ုပ်တို့၏ ရေချိုးခန်းသုံး ပစ္စည်း အပြည့်အစုံကို အစီအစဉ်တကျ လှပစွာ ပေါင်းစည်းထားသည်ဖြစ်၍ သင့်တစ်နေ့တာ၏ အကောင်းဆုံး အနားယူ ဖြေလျှော့နိုင်မှု အချိန်ပိုင်းလေးအတွက် သင့်ရေချိုးခန်းကို ခေတ်မီဆန်းပြားမှုအသစ်များ၊ ပြေပြစ်တင့်တယ်သော အလှများနှင့် အဆင့်မြှင့်တင်ပေးနိုင်ပါသည်။ အကောင်းဆုံး သန့်စင်မှု အတွေ့အကြုံဖြစ်စေရန် ဒီဇိုင်းပုံစံနှင့် လုပ်ဆောင်နိုင်မှု မျိုးစုံရှိသည့်အထဲမှ ရွေးချယ်ပါ။
ကျွန်ုပ်တို့၏ ရေပန်းခေါင်းများနှင့် လက်ကိုင်ရေပန်းများသည် လှပမှုရှိပြီး သင်နေ့စဉ် ယုံကြည်အားထားနိုင်မှုအတွက် လက်တွေ့အသုံးချနိုင်မှုလည်း မြင့်မားပါသည်။ တစ်နေရာတည်း ဦးတည်ပြီး ရေဖြန်းခြင်းကို နှစ်သက်သည်ဖြစ်စေ၊ မိုးဖွားလေးများကျသလို သို့မဟုတ် လေပွေဖြင့် ပြေပြေကလေး ရေဖြန်းသလို နှစ်သက်သည်ဖြစ်စေ၊ American Standard တွင် သင့် နှစ်သက်မှုနှင့် ဒီဇိုင်းပုံစံများအတွက် သင့်တော်မည့် ကုန်ပစ္စည်းများရှိပါသည်။ ၎င်းတို့သည် လှပယုံသာမဟုတ်ဘဲ ရေသုံးစွဲမှုလည်း သက်သာပါသည်။ ပုံမှန်မော်ဒယ်များထက် ၂၀% အထိ ရေချွေတာမှု ပေးနိုင်အောင် ဖန်တီးထားသော Airnegize နည်းပညာကို ကြည့်လိုက်ပါ။
အခက်အခဲမရှိဘဲ တပ်ဆင်နိုင်မှုက အချိန်နှင့် ငွေကို သက်သာစေသည်။
သုံးစွဲသူကို သက်တောင့်သက်သာဖြစ်စေသည့် တစ်သမတ်တည်းအပူချိန်ကိုရရှိစေသည်။
အလွယ်တကူ လှည့်၍ ရေပမာဏကို ချိန်ညှိနိုင်ပြီး ခလုပ်တစ်ခုကို နှိပ်ယုံဖြင့် နေ့စဉ်အဆင်ပြေစွာ အသုံးပြုနိုင်စေသည်။
ရေအေးပေးသွင်းမှု မရသောအခါ အလိုလျောက်ပိတ်နိုင်မှု ပါရှိသော ၄၉°စင်တီဂရိတ်အထိ အန္တရာယ်ကင်းသော အပူချိန်ထိန်းချုပ်မှု။
ရေပန်းပုံစံအမျိုးမျိုးကို ပြောင်းလဲအသုံးပြုနိုင်ရန် ရိုးရှင်းလွယ်ကူသော ခလုပ်တစ်ခု။