ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။

/bathrooms/wash-basinsရေချိုးခန်းတစ်ခုလုံး၏ ပြင်ဆင်မှုအနေအထားသည် ဘေစင်ပေါ်တွင်မူတည်သည်။ ထို့ကြောင့် အခြားအရာများကို မရွေးချယ်မီ ၎င်းကိုဦးစွာရွေးချယ်ရန် အကြံပေးလိုပါသည်။ သို့ရာတွင် ပထမဦးစွာ သင့်နေထိုင်မှု စတိုင်ကို ဦးစွာထည့်သွင်းစဉ်းစားပြီး ထိုဘေစင်ကို နေ့စဉ် လိုသလိုအသုံးပြုပုံကို စဉ်းစားပါ။ မိသားစုသုံးရန်အတွက် တန်ဖိုးရှိသော စားပွဲခုံနေရာကို ရရှိရန် စားပွဲခုံမြှုပ်မော်ဒယ်ကို စဉ်းစားပါ။ ဧည့်သည်များသုံးရန် အတွက်မူ ခြေထောက်ပါသော မော်ဒယ်များကို သုံးလိုက သုံးနိုင်သည်။ ကလေးများ သုံးရန် ခွင့်မပြုဘူးလား။ ကလေးများ၏ အလှဘီရိုအပေါ်တွင် တင်ထားနိုင်သော လိုက်ဖက်သည့် စားပွဲခုံတင် ဘေစင်တစ်စုံကို ထားလျှင် ကောင်းမည်ထင်ပါသလား။ သင်ထံတွင် များစွာသော ရွေးချယ်မှုများရှိပါသည်။

ရေချိုးခန်း ဘေစင်အသစ်တစ်ခုကို ရွေးချယ်ရာတွင် စဉ်းစားရန်များမှာ...

တိုင်ခုံ

ဧည့်သည်တပိုတပါးသွားရန် အခန်းများနှင့် ဧည့်သည်ရေချိုးခန်းများတွင် နေရာများစွာမရှိဘဲ ပစ္စည်းထားရန်နေရာသည် သိပ်အရေးမကြီးပါ။ တိုင်ခုံများ၏ တင့်တယ်ပြီး ခေတ်မီဆန်းပြားသော လိုင်းများက ၎င်းအား အထင်းသားပေါ်လွင်စေပြီး အခန်းကို အမြင်အားဖြင့် ကျယ်စေသည်။ တိုင်ခုံဘေစင်များသည် ပုံစံမျိုးစုံ နှင့် ပုံသဏ္ဍန်မျိုးစုံရှိပြီး တိုင်ခုံတစ်ဝက် သို့မဟုတ် တိုင်ခုံအပြည့်လည်း ရှိပါသည်။

နံရံချိတ်

နံရံတွင်တပ်သော ဘေစင်များသည် သင်ရွေးချယ်သော နေရာနှင့် အမြင့်၌ ဘေစင်ကို နံရံတွင်ချိတ်နိုင်စေသည်။ နောက်ပိုင်းတွင် ထိုဘေစင်များကို အလျှင်အမြန် လူကြိုက်များလာသည်။ အကြောင်းရင်းအချို့မှာ ၎င်းတို့ကို ဆွဲဆောင်မှုရှိပြီး ဆန်းသစ်တီထွင်သော ဒီဇိုင်းများစွာနှင့် ရရှိနိုင်ယုံသာမက နိုင်ငံတစ်ကာ အသုံးပြုမှုတွင် အကြိုက်ဆုံး စံနမူနာဖြစ်သောကြောင့် ဖြစ်သည်။

စားပွဲမြှုပ်

သန့်ရှင်းမှု၊ ခေတ်မီမှု၊ ထူးခြားမှု တို့သည် စာပွဲမြှုပ် ဘေစင်များ၏ အားသာချက်ဖြစ်သည်။ ၎င်းတို့သည် စားပွဲခုံ နေရာကို အသုံးပြုရန် ရရှိစေပြီး အမှိုက်သရိုက်များ ကပ်ညိစေမည့် အနားကွပ်မရှိသောကြောင့် သန့်ရှင်းအောင်ထားရန် အလွယ်ကူဆုံး ဘေစင်အမျိုးအစားလည်းဖြစ်သည်။

စားပွဲတင်/လှေခွက်

အလိုက်သင့်အလျားသင့် ဖြစ်စေပြီး စတိုင်ရှိသည်၊ စားပွဲတင် ဘေစင်များသည် စားပွဲခုံ၊ ဘီရို သို့မဟုတ် အံဆွဲပါဘီရိုတို့ အပေါ်မှ ပေါ်ထွက်နေပြီး အမြင်ဆန်းသော ရှုမြင်ဘွယ်နေရာကို ဖန်တီးပေးသည်။ ၎င်းတို့သည် အထူးသဖြင့် ခေတ်ပေါ်၊ နိုင်ငံတကာအကြိုက်ဆန်သော အိမ်များရှိ မိသားစု ရေချိုးခန်းနှင့် ဧည့်သည်တပိုတပါးသွားသည့် အခန်းများအတွက် သင့်လျော်သည်။ ထိုဘေစင်များသည် စားပွဲခုံပေါ်တွင် တင်ထားရသောကြောင့် ဘေစင်ကို အလွယ်တကူသုံးရန်အတွက် စားပွဲခုံသည် ပုံမှန်ထက် နိမ့်ရမည်ကို သတိပြုပါ။ လှေခွက်ဘေစင်တစ်ခုအတွက် မည်သည့် ရေခေါင်းအမျိုးအစားကို သုံးမည်ကိုလည်း ထည့်သွင်းစဉ်းစားပါ။ မြင့်သော လှေခွက်ဘေစင် ရေခေါင်းသည် နံရံကပ် ဘုံဘိုင်ခေါင်း သို့မဟုတ် ဘုံဘိုင်ခေါင်းအရှည်များနှင့် ကောင်းစွာအသုံးပြုနိုင်သည်။

စားပွဲတင်

ထိုဘေစင်များကို မြှုပ်ဝင်ဘေစင် နှင့် အနားကွပ်ပါပြီး ဘေစင်များဟုလည်းခေါ်ပြီး စားပွဲခုံအမျိုးမျိုးတို့၌ တပ်ဆင်နိုင်သည်။ အနားကွပ်ပါပြီးသောကြောင့် ၎င်းတို့သည် တပ်ဆင်ရန် အလွယ်ကူဆုံးဖြစ်သည်။ စားပွဲအပေါ်ထားသော ဘေစင်များသည် အသုံးများသော မိသားစု ရေချိုးခန်းများတွင် အများအားဖြင့်တွေ့ရသည်။

စားပွဲပေါ် တစ်ခြမ်းတင််

နေရာကျဉ်းကျဉ်းတွင် သုံးနိုင်သည့်နေရာကို အများဆုံးဖြစ်စေသည် နည်းကောင်းတစ်ခုဖြစ်သည်။ ဘေစင်သည် ကျဉ်းသောစင်အစွန်း သို့မဟုတ် ဘီရိုအစွန်းမှ ထွက်နေသောကြောင့် စားပွဲပေါ် တစ်ခြမ်းတင် ဘေစင်သည် အဖိုးတန်သော ကြမ်းပြင်နေရာကို ချန်ထားပြီး သင့်အား မထင်မှတ်သော အရွယ်ကြီးသည့်ဘေစင်ကို တပ်ထားနိုင်စေသည်။

ထောင့်ချိုး

ရေချိုးခန်းကျဉ်းများအတွက် ထောင့်ချိုးတွင် နေရာလပ်ပါက ထောင့်ချိုးဘေစင်များသည် အကောင်းဆုံးဖြစ်သည်။ ထိုဘေစင်များကို ထောင့်ချိုးတွင် တပ်ဆင်ခြင်းဖြင့် အဖိုးတန်သော နေရာထွက်လာစေသည်။

သင့်ရေချိုးခန်း ဘယ်လောက်ကျယ်ပါသလဲ

ဘေစင်အသစ်အတွက် ထားမည့်နေရာ၏ အတိုင်းအထွာအတိအကျကို စစ်ဆေးပါ။ သင့် ဘေစင်သစ်သည် လက်ရှိ ဖောက်ထားသော နေရာ သို့မဟုတ် နေရာတွင် ဝင်ဆန့်မည်လား။

သင်မည်သည့် ဘုံဘိုင်ခေါင်းအမျိုးအစားကို ကြိုက်နှစ်သက်ပါသလဲ။

သင်မည်သည့် ဘုံဘိုင်ခေါင်းအမျိုးအစားကို ရွေးချယ်မည်လဲ။ ဘုံဘိုင်ခေါင်းများသည် ပုံသဏ္ဍန်အမျိုးမျိုး စတိုင်အမျိုးမျိုးရှိကြပါသည်။ ကြီးသော ဘေစင်တွင်ဘုံဘိုင်ခေါင်း အသေးကလေး သို့မဟုတ် ဘုံဘိုင်ခေါင်းအကြီးကို ဘေစင်သေးသေးတွင် မတပ်ပါနှင့်။ ရှေးရိုးမပျက် သို့မဟုတ် ခေတ်မီ စတိုင်များသည် ဘေစင်နှင့် လိုက်ဖက်ပါစေ။ နောက်ဆုံးအနေနှင့် အထူးသဖြင့် လှေခွက်ဘေစင်များကို သုံးသည့်အခါ ဘေစင်နှင့် ဘုံဘိုင်ခေါင်းတွင် ပုံမှန်အားဖြင့် အလယ်တွင် ၄ လက်မ သို့မဟုတ် ၈ လက်မ ဖောက်ထားသော အပေါက် နှင့် ကိုက်ညီမှုရှိမရှိနှင့် သင့်တော်မှုရှိမရှိကို စစ်ဆေးပါ။

မည်သည့်အရောင်က သင့်ရေချိုးခန်းနှင့် လိုက်ဖက်သလဲ။

အရောင်ကို ရွေးချယ်သည့်အခါ သင့်ရေချိုးခန်းတွင် တပ်ဆင်သည့် အခြားအရာများ၏ အရောင်ကိုထည့်သွင်း စဉ်းစားပါ။ အရောင်များသည် လိုက်ဖက်သလား၊ ဆန့်ကျင်နေသလား။ စားပွဲပေါ်ထားသည့် ဘေစင်အတွက်လည်း စားပွဲ၏ အရောင်နှင့် ဘေစင်၏ အရောင်များအကြား သင်ဖန်တီးလိုသည့် အမြင်ကို စဉ်းစားပါ။ ၎င်းအရောင်နှစ်ခုကို ပြေပြေကလေးရောချင်သလား သို့မဟုတ် ကွဲပြားပေါ်လွင်စေလိုပါသလား။

သင် ပစ္စည်းထားသိုရန် နေရာဘယ်လောက် လိုပါသလဲ။

သင် ပစ္စည်းထားသိုရန် နေရာဘယ်လောက် လိုပါသလဲ။ သင်ရွေးချယ်သော ဘေစင်သည် စားပွဲပေါ်တွင် ရေချိုးခန်းသုံး ပစ္စည်းများရှိရန် လုံလောက်သော နေရာကိုပေးရန် သေချာပါစေ။ ၎င်းသည် အထူးသဖြင့် နံရံကပ် သို့မဟုတ် ခုံတိုင်ဘေစင်ကို ရွေးချယ်သည့်အခါ အခြားစားပွဲခုံမရှိနိုင်ဘဲ၊ အလှဘီရိုထားရှိသကဲ့သို့ ပစ္စည်းထားသိုရန် နေရာထပ်ရှိမည် မဟုတ်သောကြောင့် ပို၍အရေးကြီးပါသည်။

`