မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ

မီးဖိုချောင်ကိစ္စများသည် ဘေစင်အနားတွင် ပတ်ချာလှည့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ပြင်ဆင်ခြင်း၊ ချက်ပြုတ်ခြင်း နှင့် သန့်ရှင်းရေးလုပ်ခြင်းတွင် ဘေစင်သည် တစ်နည်းမဟုတ် တစ်နည်းပါဝင်နေသည်။ သင့်လိုအပ်ချက်များနှင့် နေထိုင်မှုပုံစံနှင့် အကောင်းဆုံးကိုက်ညီသော ဘေစင်တစ်ခုရှိခြင်းသည် ကောင်းစွာ လုပ်ဆောင်နိုင်သော မီးဖိုချောင်ကောင်းဖြစ်စေရန် အလွန်အရေးကြီးသည့် အချက်တစ်ခုဖြစ်သည်။ သင့် အကောင်းဆုံး မီးဖိုသုံးဘေစင်ကို မရွေးချယ်မီ သင်ထိုဘေစင်ကို မည်သို့အသုံးပြုမည် နှင့် သင့်ဘေစင်တွင် ပါရှိသင့်သော အင်္ဂါရပ်များ နှင့် လုပ်ဆောင်နိုင်မှုများကို ဦးစွာစဉ်းစားပါ။

မီးဖိုသုံးဘေစင်တစ်ခုကို ရွေးချယ်ရာတွင် စဉ်းစားရန် အချက်များမှာ...

သင့်အတွက် မည်သည့်အရွယ်အစားက သင့်တော်မည်လဲ။

အရွယ်အစား

သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ဘေစင်အိုးများ၏ အရွယ်အစားအပြင် ဘေစင်တစ်ခုလုံး၏ အရွယ်အစားကိုလည်း ထည့်သွင်းစဉ်းစားပါ။ ကြီးသောဘေစင်သည် ပန်းကန်များဆေးရန် နေရာပိုကျယ်သော်လည်း အထူးသဖြင့် ပိုကျဉ်းသော မီးဖိုများအတွက် ပိုမိုလိုအပ်သည့် စားပွဲနေရာကို ပိုယူသည်။ သင့်ဘေစင်အသစ်သည် လက်ရှိ ဘီရိုများနှင့် လိုက်ဖက်စေရန် သေချာပါစေ။ အချို့ပိုကြီးသော ဘေစင်များသည် သီးသန့်အရွယ်အစားဖြင့် လုပ်ထားသော ဘီရိုများလိုအပ်နိုင်သည်။

အိုးအရေအတွက်

သင့်မီးဖိုသုံးဘေစင်ကို မည်သို့အသုံးပြုသလဲ။ သင်သည် မုန့်ဖုတ်သော ဒယ်များစွာကို ဆေးကြောပါသလား။ သို့ဆိုပါက အိုးတစ်ခုတည်းပါ ဘေစင်ကြီးကြီးတစ်ခု သို့မဟုတ် ဒယ်များကို ရေစိမ်ရန် နေရာရှိသော အဆင့်နှစ်ခုပါ ဘေစင်ကို စဉ်းစားပါ။ အများအားဖြင့် အဆင့်နှစ်ခုပါ ဘေစင်များသည် ကြီးမားသော အိုးခွက်များကို ဆေးရန် သို့မဟုတ် ရေစိမ်ရန်နေရာပေးပြီး အခြားငယ်သော ဘေစင်က ဆေးကြေားရန် နှင့် အမှိုက်ပစ်ရန် လုပ်ကိုင်နိုင်သည်။ သင့်လိုအပ်ချက်များ၏ ကိုက်ညီမှုအတွက် ထိုအိုးနှစ်အိုးစလုံးက လုံလောက်သော အရွယ်အစားကြီးပါစေ။ အကယ်၍ သင့် မီးဖိုတာဝန်များကို အခြားသူများက ဝေမျှလုပ်ကိုင်မည်ဆိုပါက ဘေစင်နှစ်ခုကို စဉ်းစားပါ။ တစ်ဦးက အစားအသောက်အတွက် ပြင်ဆင်ရန် အသုံးပြုပြီး အခြားတစ်ဦးက ဆေးကြောရန်ဖြစ်သည်။ နေရာပတ်လည်ဝိုင်းထားသော ကျွန်းကဲ့သို့ ဘေစင် သို့မဟုတ် ဘားကောင်တာတွင် ထားသော ဘေစင်များသည် အကောင်းဆုံး ရွေးချယ်မှုများဖြစ်သည်။

သင့်လိုအပ်ချက်များကို မည်သည့် အင်္ဂါရပ်များက အကောင်းဆုံး ကိုက်ညီစေပါသလဲ။

စောက်နက်ပြီး၊ တည့်တည့်ရှိသော ဘေစင်နံရံများ

စောက်ပိုနက်သော ဘေစင်အိုးများသည် ရေစိမ်ရန် နှင့် ဆေးကြောရန် အိုးကြီးများနှင့် ဒယ်အိုးများကို ဝင်ဆန့်စေသည်။ ဘေစင်၏ အောက်ခြေသည် အတော်အတန်ပြားပါက အသုံးပြုနိုင်သော ဘေစင်အိုး၏နေရာကို ပိုများစေပြီး ပန်းကန်နှင့် ဖန်ခွက်များကို ဘေးကင်းစွာ ထပ်ထားနိုင်စေသည်။

နေရာလွှဲထားသော ရေထုတ်မြောင်းများ

ရေထုတ်မြောင်းကို တစ်ဘက်တွင်ထားရှိခြင်းက ပန်းကန်နှင့် ဖန်ခွက်များထပ်ထားနိုင်ရန် ပိုမိုပြားသော နေရာရရှိစေပြီး ဘေစင်အောက်ခြေတွင် အသုံးပြုနိုင်သော နေရာပိုများစေသည်။ နေရာလွှဲထားသော ရေထုတ်မြောင်းများက ကြီးသော ဒယ်သို့မဟုတ် ဘန်းကို ဘေစင်တွင်း ရေစိမ်ထားစဉ်မှာပင် ရေကို ထုတ်ပေးနိုင်သည်။

ရေယက်/ရေတား

နှစ်ခုတွဲဘေစင်များအတွက် ဘေစင်အိုးနှစ်ခုအကြားရှိသည့် ရေယက်အတားသည် ဘေစင်အပြင်ဘက် နံရံထက် နိမ့်ရန် သေချာပါစေ။ သို့မှသာ ရေသည် အိုးတစ်ခုမှ နောက်အိုးတစ်ခုသို့ စီးနိုင်ပြီး အပြင်သို့ လျှံထွက်ခြင်းကို ကာကွယ်ပေးသည်။

စားပွဲတင် သို့မဟုတ် စားပွဲမြှုပ်လား။

စားပွဲမြှုပ်

စားပွဲမြှုပ်၍တပ်သော ဘေစင်များသည် စားပွဲမျက်နှာပြင်ရှိ ပစ္စည်းအမျိုးအစား၏ အောက်ဘက်သို့ တိုက်ရိုက်တပ်ဆင်ခြင်းဖြစ်သည်။ ထိုသို့တပ်ဆင်ခြင်းက ပတ်ပတ်လည်ဘေးသို့ ပိုထွက်နေသာကြောင့် သန့်ရှင်းရန်လွယ်ကူစေသည်။ စားပွဲမြှုပ်ဘေစင်ကို ရွေးချယ်သည့်အခါ ဘေစင်တပ်မည့် အပေါက်ပတ်ပတ်လည်ရှိ အနားစွန်းများကို အချောသတ်ရန် စားပွဲမျက်နှာပြင်ရှိ ပစ္စည်းအမျိုးအစားကို ထည့်သွင်းစဉ်းစားပါ။

အနားလုံးထားပြီးသား

အနားလုံးထားသော ဘေစင်များသည် ထောင့်ချိုး၌ အကွေးများရှိပြီး စားပွဲမျက်နှာပြင်ရှိ ပစ္စည်းပေါ်တွင် တပ်ဆင်ခြင်းဖြစ်သည်။ ၎င်းသည် အလွယ်ကူဆုံး တပ်ဆင်မှုဖြစ်ကာ ဘေစင်ကို အထိုင်ချရန် ကော်ပွတ်ညက် သာလိုအပ်သည်။

သင်မည်သည့် ဘုံဘိုင်ခေါင်းကို ကြိုက်နှစ်သက်ပါသလဲ။

သင်ရွေးချယ်သော ဘုံဘိုင်ခေါင်းသည် သင့်ဘေစင်တွင် အပေါက် မည်မျှပါရှိရမည်ကို ဆုံးဖြတ်ပေးသည်။ သင့်အတွက် အကောင်းဆုံးဖြစ်မည့် ဘုံဘိုင်ခေါင်းကို ရွေးချယ်ပြီး ယင်းနှင့် သင့်တော်သည့် ဘေစင်ကို မှာကြားပါ။ ဆပ်ပြာရည် ထုတ်ပေးသည့်စက်နှင့် လက်ဖြင့်ဆွဲယူသည့် ရေဖြန်းကဲ့သို့ အခြားဆက်စပ်ပစ္စည်းများကို တပ်ဆင်ရန် အပေါက်များထပ်မံ လိုမလိုကိုလည်း စဉ်းစားပါ။