သန့်ရှင်းမှုသည် သစ်လွင်သော စိမ်းလန်းစိုပြေမှု ဖြစ်သည်

‘စိမ်းလမ်းစိုပြေမှု’ သည် American Standard အတွက် စိတ်အားထက်သန်စရာ တစ်ခုအနေနှင့်သာ ထားရှိခြင်း မဟုတ်ပါ။ စိမ်းလမ်းစိုပြေမှု ဖြစ်စေရန် ကြိုးပမ်းချက်များကို ကျွန်ုပ်တို့၏ ထုတ်ကုန်များတွင် ထည့်သွင်းထားသည့် သန့်ရှင်းမှု နည်းပညာများတွင် သာဓကများအဖြစ် တွေ့မြင်နိုင်ပါသည်။ လေးနက်စွာ စဉ်းစားထားသော ဆန်းသစ်တီထွင်မှု တစ်ခုစီကို ထုတ်ကုန်၏ လုပ်ဆောင်မှုကို လျော့ပါးစေခြင်းမရှိဘဲ ကျွန်ုပ်တို့ ကမ္ဘာကို ထိန်းသိမ်းစောင့်ရှောက်ရန် အလေးအနက်ထား၍ ထည့်သွင်းထားပါသည်။ ကမ္ဘာတွင်ရှိသည့် လူများက အကန့်အသတ်ရှိသော ပေးသွင်းမှုများပေါ်၌ ဝယ်လိုအားများ တိုးမြှင့်ထားရှိလာသည့် အလျှောက် ရေပြတ်လပ်မှု ပြဿနာသည် ကြီးထွားလာသည်။ သက်ရှိပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်ညီမှု တစ်ခုကို ရရှိစေရန် သန့်ရှင်းစေသည့် နည်းပညာများကို ရယူအသုံးချလိုမှုများကို ယခင်နှင့်မတူဘဲ တွန်းအားပေး လုပ်ဆောင်လာကြသည်။ ရေသုံးစွဲမှုကို လျှော့ချပေးကာ၊ အန္တရာယ်ပေးနိုင်သော အရောင်ချွတ်ဆေးများ သုံးစွဲခြင်းကို နည်းပါးစေလျက်၊ စွမ်းအင်သုံးစွဲမှုကို နည်းပါးစေသော American Standard ထုတ်ကုန်များကို ကျွန်ုပ်တို့၏ အဖိုးတန် ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ ထုတ်လုပ်ပါသည်၊ သို့မှသာ ကျွန်ုပ်တို့၏ အနာဂတ် မျိုးဆက်သစ်များသည် သန့်ရှင်းပြီး စိမ်းလမ်းစိုပြေသော ပတ်ဝန်းကျင်တစ်ခုကို ရရှိပေလိမ့်မည်။