About LIXIL

About lixil

LIXIL သည် အိမ်ယာနှင့် အဆောက်အဦး လုပ်ငန်းတွင် နိုင်ငံတကာ ဦးဆောင်လုပ်ကိုင်သော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယခုအခါ ကျွန်ုပ်တို့၏ လုပ်ငန်းတွင် ပြည့်စုံကျယ်ပြန့်မှု အရှိဆုံး ကုမ္ပဏီဖြစ်နေပါသည်။ ကျွန်ုပ်တို့၏ ထူးခြားသည့် လုပ်ရပ်အစုစုတွင် ရေကိုပြန်လှန်တုံ့ပြန် အသုံးပြုပုံကို ပြောင်းလဲထားသည့် နည်းပညာများမှ အစပြု၍ အိမ်အတွင်း နှင့် အပြင်၌ အသုံးပြုသည့် ပစ္စည်းများ နှင့် အဓိက ဗိသုကာစီမံကိန်းများအတွက် ထုတ်ကုန်ပစ္စည်းမျိုးစုံအထိ ပါရှိပါသည်။ ကျွန်ုပ်တို့သည် GROHE, American Standard, INAX, American Standard ၏ DXV နှင့် Permasteelisa အပါအဝင် ကမ္ဘာ့အဆင့်မီ အမှတ်တံဆိပ်များ၏ ပင်မနေအိမ်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံပေါင်း ၁၅၀ တွင် လုပ်ငန်းလည်ပတ်နေပြီး ထုတ်လုပ်သော ကုန်ပစ္စည်းများကို ကမ္ဘာအနှံ့တွင် နေ့စဉ် သန်းတစ်ထောင်ကျော်လူများက သုံးစွဲနေပါသည်။ ကမ္ဘာကြီးသည် လျှင်မြန်စွာပြောင်းလဲနေပြီး LIXIL က ထိုအပြောင်းအလဲများ နှင့် အလိုက်အထိုက်ဖြစ်စေရန် ပံ့ပိုးပုံဖော်ပေးသည်။ ကျွမ်းကျင်မှု နှင့် ကျွန်ုပ်တို့ အမှတ်တံဆိပ်များ၏ နည်းပညာကို ပေါင်းစပ်ကာ ကုမ္ပဏီများက ကျွန်ုပ်တို့အား သာလွန်ကောင်းမွန်သည့် ထုတ်ကုန်များအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးခြားသော အသိပညာများကို ပေးပါသည်။ လှပမှု၊ လုပ်ဆောင်နိုင်မှု နှင့် စိတ်ချယုံကြည်မှု တို့က ကျွန်ုပ်တို့၏ သုံးစွဲသူများအား တိုးမြင့်လာသော သက်တောင့်သက်သာရှိမှု၊ ပိုမိုကောင်းမွန်သော အဆင်ပြေမှု နှင့် ပိုမိုစိတ်ချမ်းသာစေမှု များကဲ့သို့ အကျိုးအစစ်အမှန်များကို ဆောင်ကျဉ်းပေးပါသည်။ SmartControl ရေချိုးရေပန်းများနှင့် ကမ္ဘာ့အကောင်းဆုံး လျှပ်စစ် မစီးစေသော ပြုတင်းပေါက်မှ အစပြု၍ အခြေပြောင်းလဲမှုဖြစ်သော နှစ် ၁၀၀ တိုင် သန့်ရှင်းနေစေသည့် Aqua Ceramic ရေချိုးခန်းသုံးပစ္စည်းများအထိ ကျွန်ုပ်တို့၏ ထုတ်ကုန်များသည် ကျွန်ုပ်တို့အားလုံး၏ အလုပ်လုပ်ကိုင်ရန်၊ သင်ယူရန် ခရီးသွားလာရန် အနားယူရန်၊ နှင့် နေထိုင်ရန်အတွက် နေရာများကို အသွင်ပြောင်းပေးပါသည်။ LIXIL တွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများနှင့် ကမ္ဘာကြီးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်အတွက် အင်အားရှိသောအမြင်ကို ဝေမျှကြပါသည်။ စစ်မှန်သော နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကုမ္ပဏီတစ်ခု ဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့ ကမ္ဘာ၏ အနာဂတ်ကို လုံခြုံမှုရှိစေရန် ကျွန်ုပ်တို့တွင် အရေးကြီးသည့် အပိုင်းကို လုပ်ဆောင်ရန်ရှိကြောင်း နားလည်သိရှိပါသည်။ စွမ်းအင်သုံးစွဲမှု ထိရောက်ခြင်း နှင့် ရေချွေတာရေး နည်းပညာကဲ့သို့ နေရာများ၌ ကျွန်ုပ်တို့က ဦးဆောင်လမ်းပြ ပေးနေပြီး ၂၀၃၀ တွင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လုံးဝသုည ဖြစ်စေရန် ရည်ရွယ်ထားပါသည်။ လူတိုင်းသည် သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းသော အညစ်အကြေးစွန့်နိုင်မှုကို လုပ်ဆောင်နိုင်ခွင့် ရှိရမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ယင်းသို့ ဖြစ်နိုင်စေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုများကို အသုံးပြု၍ ပံ့ပိုးသွားရန် အတွက်လည်း ကတိပြုပါသည်။ ကျွန်ုပ်တို့အားလုံးသည် လူတိုင်း၊ နေရာတိုင်းအတွက် ကောင်းသောဘဝ နေထိုင်မှု အနာဂတ်ကို အတူတကွ ဖန်တီးနေခြင်းပင် ဖြစ်ပါသည်။

LIXIL Corporate Profile