American Standard အကြောင်း

ရေချိုးခန်းသုံးပစ္စည်းများတွင် လူသိအများဆုံး တံဆိပ်များထဲမှ တစ်ခုဖြစ်သည့် American Standard သည် ရေချိုးခန်းများအတွက် တင့်တယ်လှပမှု၊ အရည်အသွေး နှင့် ယုံကြည်စိတ်ချရမှုများကို တစ်သမတ်တည်း ပေးကမ်းလာခြင်းဖြင့် ၎င်း၏ သုံးစွဲသူများထံမှ ယုံကြည်မှုကို ရရှိခဲ့ပြီးဖြစ်ပါသည်။ ယနေ့ နှစ်ပေါင်း ၁၄၀ ကျော် ရှေ့ဆောင်အခြေချမှု အမွေအနှစ် ရှိထာပြီးဖြစ်သော American Standard သည် သုံးစွဲသူများအတွက် အဆုံးစွန်သော သက်တောင့်သက်သာ ဖြေလျော့မှုကိုပေးသည့် လက်ယပ်ခေါ်နေသော နတ်ရေကန်ရေချိုးခန်းကို ဖန်တီးရန် အလို့ငှာ လေးနက်စွာ စဉ်းစားထားသော ဒီဇိုင်းများနှင့် ဆန်းသစ်တီထွင်သော နည်းပညာများကို ပေါင်းစပ်ထားသော ယုံကြည်အားထားဘွယ် ရေချိုးခန်းများကို ပေးကမ်းရာတွင် ဆက်လက်၍ အဆင့်မြှင့်တင်ပါမည်။

အိမ်၊ အလုပ်၊ မြို့တွင်းနှင့် နိုင်ငံတကာ၏ ဘဝတွင် ကျန်းမာရေးပိုကောင်းစေရန်၊ ဘေးအန္တရာယ်ပိုမို ကင်းရှင်းစေရန်နှင့် ပိုမိုလှပစေရန်တို့သည် American Standard ၏ အမြင်ပင်ဖြစ်သည်။

နိုင်ငံပေါင်း ၂၀ ကျော်တွင် ရောင်းအားကောင်းမှုဖြင့် နိုင်ငံတကာချိတ်ဆက်ထားမှု နှင့် အာရှတွင် ကုန်ထုတ်လုပ်မှု နှင့် သုတေသနလုပ်ဆောင်ရန် နေရာများရှိသော American Standard သည် သုံးစွဲသူ၏ လိုအပ်ချက်များကို အမြဲလက်ခံပြီး တက်ကြွသော သုံးစွဲသူ ထိတွေ့လုပ်ဆောင်မှုဖြင့် ခေတ်ပေါ် ရေပန်းစားမှုများအတိုင်း ကြိုတင်တွက်ဆ လုပ်ဆောင်ပါသည်။

အာရှတွင် အခြေစိုက်သော ကုမ္ပဏီတွင်းရှိ သက်ဝင်လှုပ်ရှားသော ဒီဇိုင်းထုတ်လုပ်မှုအဖွဲ့၏ ဦးဆောင်မှုဖြင့် American Standard သည် ဆန်းသစ်တီထွင်သော လုပ်ဆောင်နိုင်မှု နှင့် လူအသုံးပြုမှုကို အာရုံစိုက်သော ဒီဇိုင်းကို ပေါင်းစပ်ထားသည့် စွမ်းဆောင်မှု မြင့်မားသည့် အိမ်သာများ၊ လှပတင့်တယ်သော ရေခေါင်းများနှင့် လက်ဆေး ဘေစင်များကို ရေချိုးခန်းနှင့် မီးဖိုတို့အပြင် ရေချိုးရေပန်းများ၊ ရေချိုးကန်များ နှင့် အခြားကျန်းမာရေး အတွက် ထုတ်ကုန်များကို ထုတ်လုပ်ပေးပါသည်။

American Standard သည် စီမံကိန်း ဖန်တီးမှု အလုံးစုံကို အိမ်သုံး နှင့် လုပ်ငန်းသုံး သုံးစွဲသူများအတွက် ပေးကမ်းရာတွင် ရေချွေတာသော ထုတ်ကုန်ပစ္စည်းများကို ဆောက်လုပ်ရေး အသစ်များနှင့် ဖလှယ်မှု/ပြုပြင်မွမ်းမံမှု စီမံကိန်းများအတွက် ထိရောက်စွာ ပေးကမ်းပါသည်။

American Standard သည် ရေချိုးခန်းသုံး ပစ္စည်းများတွင် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာဦးဆောင်သူ LIXIL Water Technology စီးပွားရေးလုပ်ငန်း ယူနစ်၏ အောက်တွင် လုပ်ငန်းလည်ပတ်ခြင်း ဖြစ်ပါသည်။ ထိုအပိုင်းတွင် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ၅၀ ကျော်နှင့် သုတေသနနှင့် ဖွံ့ဖြိုးမှုများနှင့် နိုင်ငံပေါင်း ၁၅၀ တွင် လုပ်ငန်းလည်ပတ်မှုရှိသည်။ LIXIL Water Technology စီးပွားရေးလုပ်ငန်း အမှတ်တံဆိပ်တွင် LIXIL, INAX, GROHE, American Standard, နှင့် JAXSON တို့ပါဝင်ကြသည်။