သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံ
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
အိမ်တိုင်းတွင် အနားယူသည့်အချိန်အတွက် နေရာကောင်းတစ်ခုရှိသင့်သည်။ အခန်းတစ်ခန်းသည် များစွာဖြေလျှော့မှု နှင့်
ငြိမ်းချမ်းမှုကိုပေးနိုင်ပါက အလှအပများပင်လျှင် ငြိမ်သက်ခြင်းသို့ ရောက်ကုန်သည်။ သင့်ရေချိုးကန်
ဒီဇိုင်းအသစ်ပြီးစီးသွားလျှင် အောက်ပါ ရိုးရှင်းသည့် စိတ်ကူးအချို့နှင့် စိတ်ဖိစီးမှုများ နှင့် တင်းမာမှုများကို
လျော့ပါးစေနိုင်သည်-
သင့်စိတ်ကြိုက် ရေချိုးဆပ်ပြာများ၊ အလှလိမ်းဆေးများ၊ ဆီများနှင့် ခန္ဓာကိုယ်သုံး အမွှေးနံ့သာများကို ခြင်းတောင်းထဲထည့်ပြီး
ရေချိုးကန် အနီး၌ထားပါ။
သင့်လည်ပင်းအတွက် ရေချိုးသုံးခေါင်းအုံးကို ဝယ်ပါ။ ညောင်းညာပင်ပန်းသော မျက်စိကို ဖြေလျှော့ အနားရစေရန် လာဗင်ဒါ နှင့်
ပူတီနံကဲ့သို့ ဆေးဘက်ဝင်အရွက်များနှင့် ဖြည့်သိပ်ထားသည့် မျက်စိအုပ် ခေါင်းအုံးငယ်ကိုလည်း ဝယ်ရန်စဉ်းစားပါ။
လတ်ဆတ်သော ပန်းစည်းတစ်ခုကို အလှစိုက်ပြီး သင့် ရေချိုးကန် သို့မဟုတ် ရေဝဲရေချိုးကန် အနီး၌ထားပါ။ ပန်းရနံ့သည်
အခန်းတစ်ခုလုံးတွင် ပျံ့နှံ့မွှေးကြိုင်ကာ အလှနှင့် အရောင်အသွေးအနည်းငယ်ကို ထပ်ဖြည့်စွက်ပေးလိမ့်မည်။
အမွှေးဖယောင်းတိုင်များကို ရေချိုးကန် ဘေးဆင့် သို့မဟုတ် အလှဘီရိုပေါ်တွင်ထားပါ။ ၎င်းတို့ကို အခြားချည်ထည်များ သို့မဟုတ်
မီးလောင်နိုင်သော ပစ္စည်းများနှင့် ဝေးဝေးထားရန် သေချာပါစေ။
သင်ရေစိမ်ချိုးပြီး သို့မဟုတ် ရေချိုးပြီးက နွေးထွေးစေရန် ကြီးမားသော ချည်ထည် ရေသုပ်ပုဝါကို အသုံးပြုပါ။ လွယ်ကူစွာ
အသုံးပြုနိုင်ရန် အမွေးပွပုဝါအချို့ကို ရေချိုးသည့်နေရာ အနီးတွင်ထားပါ။ ပူနွေးသော ပုဝါများရစေရန် ပုဝါအပူပေးသည့် စင်သည်လည်း
စိတ်ကူးကောင်းတစ်ခုဖြစ်သည်။
တေးဂီတသည် သင့်အား စိတ်ချမ်းမြေ့စေပါက သင့်စိတ်ကြိုက် သီချင်းများပါသည့် တိပ်များနှင့် စီဒီချပ်များနှင့် စတီရီယိုစက်ငယ်ကို
ထားရှိပါ။ (လျှပ်စစ်ပစ္စည်းများကို ရေနှင့်ဝေးဝေးထားရန် အမှတ်ရပါ)။
ဖြေလျှော့မှုအတွက် နည်းလမ်းများ
ပန်းများနှင့် သင့်စိတ်ကြိုက် ဆေးဘက်ဝင်ဆေးရွက်များကို ရေနှင့်ပေါင်းစပ်ပြီးစိမ်ခြင်းကို စမ်းသပ်ကြည့်ပါ။ ဥပမာ၊ ကမ်မိုမိုင်
ပန်းချွန်ချွန်ကို ရေနှင့် ၁၀ မိနစ်မှ ၁၅ မိနစ်အထိပြုတ်ပြီး ပြုတ်ရည်ကို ရေချိုးကန်အတွင်းသို့ လောင်းထည့်ပါ။ သင်သည်
အထူးရောနှောမှုတစ်ခုကို ဖန်တီးရန် အခြားပန်းများနှင့် ဆေးဘက်ဝင် ဆေးရွက်များကိုရောစပ် စမ်းသပ်နိုင်သည်။ နှင်းဆီ၊ ပူတီနံ၊
ပန်းဝါ နှင့် ရို့စ်မေရီတို့သည် လူကြိုက်များသော ရွေးချယ်မှုများဖြစ်သည်။
သင့် ရေစမ်းရေချိုးခန်းအတွက် အရသာတွေ့ မွေ့လျော် စေနိုင်သည့် ပစ္စည်းများဖြင့် ဖြည့်ဆည်းထားသည့် ပြုတင်းပေါက်
ပန်းခြံငယ်တစ်ခုကို စိုက်ခြင်းဖြင့် သင့်ရေချိုးခန်း၏ ပြုတင်းပေါက်ကို အသုံးချဖြစ်အောင်လုပ်ပါ။ လာဗင်ဒါအပင်သေးများ၊
ရို့စ်မေရီနှင့် ပူတီနံကဲ့သို့ ဆေးဘက်ဝင်အပင်များကို ပြုတင်းအကွက်ငယ်တွင် စိုက်ပါ။ စိမ်းစိမ်းစိုစိုဖြစ်ခြင်းသည့် သင့်
ရေချိုးသည့် ပတ်ဝန်းကျင်ကို သဘာဝကျမှု အနည်းငယ် ဖြည့်ဆည်းပေးလိမ့်မည်။
နို့ရည်စိုစွတ်စေခြင်းဖြင့် ရေချိုးခြင်းသည် နှစ်များစွာကပင် လူကြိုက်များသော ရွေးချယ်မှုတစ်ခုဖြစ်ခဲ့သည်။ Baroness Aurore
Dudevant ၏ လန်ဆန်းစေသော နို့ရည်ချိုးခြင်းကို စမ်းကြည့်ပါ။ သူမသည် ၁၉ ရာစု ဝတ္ထုရေးဆရာနှင့် ဖက်ရှင်စိတ်ကူးများကို
ဦးဆောင်တီထွင်သူဖြစ်သည်။ သူမ၏ လှပသော အသားအရေသည် သူမအား လူသိများစေခဲ့သည်။
သူမ၏
လျှို့ဝှက်ချက်မှာ-
- ဘိုင်ကာဘွနိတ်ဆိုဒါ ၃ အောင်စ
- ဆား ၈ အောင်စ
- ရေ ၁ ကွတ် (ဝ.၉၅ လီတာ)
- ပျားရည် ၃ ပေါင်
- နို့ ၃ ကွတ်
သင်ကြိုက်နှစ်သက်သည့် စံပယ်၊ နှင်းဆီ၊ သို့မဟုတ် ပူတီနံကဲ့သို့ အမွှေးနံ့သာဆီ အစက်များကို ထိုဖော်စပ်မှုတွင် ထည့်ပြီး ကိုယ်ပိုင်ဖော်စပ်မှုကို ဖန်တီးနိုင်ပါသည်။
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံe
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။t
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။