သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံ
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
အရောင်သည် အခန်း၏ ခံစားမှုအခြေအနေကို ပေးနိုင်ပြီး ဇာတ်လမ်းအကြောင်းအရာကို ထပ်လောင်းထည့်ပြီး နေရာကို အသက်ဝင်စေသည်။ မတူသော
အရောင်အသွေးများနှင့် ကြမ်းမှုချောမှု အသွင်အပြင်များကို ပေါင်းစပ်ခြင်းက သင် ပျော်ရွှင်အားတက်ဖွယ်၊ တိတ်ဆိတ်ငြိမ်သက်ဖွယ်၊
သို့မဟုတ် စိတ်လှုပ်ရှားဖွယ် ပုံစံမျိုးစသော အခန်း၏ ပတ်ဝန်းကျင်အနေအထားကို ဖော်ညွှန်းပေးနိုင်သည်။
အရောင်သည် တစ်ဦးနှင့် တစ်ဦးအကြိုက်မတူပါ။ ထို့ကြောင့် မည်သည့် အရောင်အုပ်စုရွေးမည်ကို ဆုံးဖြတ်ရာ၌ ကိုယ်ပိုင်နှစ်သက်မှု
အရသာသည် အရေးအကြီးဆုံး အချက်ဖြစ်သည်။ ဥပမာ၊ နေကြာပန်းရောင် အဝါသည် အချို့သူများအတွက် အင်အားဖြစ်စေနိုင်သော်လည်း အချို့အတွက်
လင်းလွန်းပြီး အရောင်တောက်လွန်းသည်ဟု ထင်စေနိုင်သည်။ ရွေးချယ်စရာများစွာထဲမှ နောက်ဆုံးအတည်ပြု ဆုံးဖြတ်ချက်ကို ချခြင်းသည်
ပထမတွင် ခက်ခဲသည်ဟု ထင်ရပါသည်။
ပထမဦးစွာ သင့်ရေချိုးခန်းတွင် မည်သည့်ခံစားချက်ကို ဖန်တီးလိုပါသလဲ။ ရင့်သော သို့မဟုတ် ဇတ်လမ်းဆန်သော အရောင်များသည်
နီးစပ်ခြင်းခံစားမှုကို ပေးပြီး ဧည့်သည်သုံးအိမ်သာခန်းကဲ့သို့ ပိုသေးငယ်သော အခန်းများအတွက် ပိုမိုသင့်လျော်ပါသည်။ နုသော
အရောင်များသည် ပွင့်လင်းမှု၊ နေရာကျယ်သော ခံစားမှုဖြစ်စေပြီး သေးငယ်သောအခန်းများကို ကျယ်သည်ဟု ထင်စေပြီး
ကြီးသောအခန်းများကိုမူ ပိုမိုကြီးကျယ်သကဲ့သို့ ခံစားရစေသည်။
ဒုတိယအနေနှင့် အလင်းရောင်က သင့်အား ဆုံးဖြတ်ချက်ပေးပါစေ။ အခန်းတွင်းရှိ သဘာဝအလင်းရောင် နှင့် ထွန်းသောမီးအလင်းရောင်တို့သည်
အရောင်ပေါ်တွင် များစွာအကျိုးသက်ရောက်မှုရှိသည်။ နံရံ၏ နေရာအနည်းငယ်ကို ဆေးသုတ်ပြီး ထိုအရောင်သည် တစ်နေ့လုံးတွင်
မည်သို့ပြောင်းလဲသည်ကို စောင့်ကြည့်ပါ။ နံနက်ပိုင်းတွင် မြတ်နိုးဖွယ်ကောင်းသော အရောင်သည် ညနေပိုင်းတွင် သင့်အတွက်
ဆွဲဆောင်မှု ရှိချင်မှ ရှိလိမ့်မည်။
နောက်ဆုံးတွင် ကြမ်းပြင်နှင့် ပရိဘောဂများ၏ အရောင်ကို စဉ်းစားပါ။ အကောင်းဆုံးအရောင်ကို ရှာခြင်းသည် နဂိုရှိပြီးသား
တစ်စုံတစ်ခု၏ အရောင်အသွေးနှင့် အနည်းငယ်ကွာခြားသော အရောင်ကို ရွေးလိုက်သကဲ့သို့ ရိုးရှင်းပါသည်။ သင့်အတွက် အဆင်အပြေဆုံး
အရောင်ကို ဆုံးဖြတ်ပြီးသည်နှင့် သင့်အလှဆင် အစီအစဉ်သည် ထိုအရောင်အတိုင်း လုပ်ဆောင်ဖြစ်လိမ့်မည်။
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံe
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။t