အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံ
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
အိမ်သာသည် ကောင်းမွန်သော ရေချိုးခန်းတစ်ခုဖြစ်စေရန် အဓိက ပါဝင်ပစ္စည်းဖြစ်သည်။ သင့် အကောင်းဆုံးအိမ်သာကို ရွေးချယ်ရာတွင်
အသွင်အပြင် သာမက အရွယ်၊ အမြင့်၊ ရေဆွဲစနစ်စသော အင်္ဂါရပ်များကဲ့သို့ များစွာသော အရာများကို ထည့်သွင်းစဉ်းစားရလိမ့်မည်။
အိမ်သာအားလုံးသည် မတူညီကြသောကြောင့် သင့် အသုံးငွေနှင့် နေထိုင်မှုပုံစံနှင့် အကောင်းဆုံးကိုက်ညီမည့် တစ်ခုကို ရှာဖွေရန်
အရေးကြီးပါသည်။
အိမ်သာသစ်တစ်လုံးကို ရွေးချယ်ရာတွင်
စဉ်းစားရမည့် အချက်များမှာ...
အမြင့်မှ အနိမ့်သို့ ဆွဲယူခြင်း
သို့မဟုတ် ဆေးချခြင်း
အမြင့်မှ အနိမ့်သို့ ဆွဲချခြင်း
အမြင့်မှ အနိမ့်သို့ ဆွဲယူသည့် အိမ်သာ၌ ရေဖမ်းလမ်းကြောင်းကို ရေဆွဲစဉ် ရေ ဖြည့်ပေးသည်၊ ၎င်းက အမြင့်မှ အနိမ့်သို့
ဆွဲချခြင်းလုပ်ရပ်ဖြစ်သော "ဆွဲယူခြင်း' နည်းဖြင့် အိုးထဲမှ အရာဝတ္ထုများကို ဖယ်ရှားသည်၊ ထိုအခါတွင် ရေသည် ရေခေါင်းမှတစ်ဆင့်
အိုးအတွင်းသို့ဝင်လာပြီး အရာဝတ္ထုများကို "တွန်းထုတ်" လိုက်သည်။ ရေဆွဲချတိုင်း တစ်ပြိုင်နက်တည်းဖြစ်သော တွန်းခြင်းနှင့်
ဆွဲခြင်းက အိုးတွင်းရှိ အရာများကို လုံးဝရှင်းလင်းပေးသည်။
ဆေးချခြင်း
ဆေးချခြင်းလုပ်ရပ်ကို သုံးသောအိမ်သာတွင် တိုင်ကီမှ ရေသည် အိုးအတွင်းသို့ လောင်းချပြီး အရာဝတ္ထုများကို ထွက်ပေါက်သို့
ရှင်းထုတ်ပေးသည်။ ၎င်းသည် "တွန်းထုတ်" သော လုပ်ရပ်သာဖြစ်ပြီး အိုးတွင်းရှိ အရာများကို ရှင်းလင်းမပေးပါ။ ထိုအိမ်သာများတွင်
အိုး၏အောက်ခြေအနက်တွက် ရေမျက်နှာပြင်ငယ် (၄ လက်မ နှင့် ၅ လက်မ) ရှိသောနေရာတစ်ခု ရှိသည်။
အများအားဖြင့် အမေရိကန်ပြည်ထောင်စု အိမ်သာများသည် အမြင့်မှ အနိမ့်သို့ ဆွဲချသည့်အမျိုးအစားဖြစ်သည်။ ဥရောပနိုင်ငံသုံး
အိမ်သာများစွာတို့သည် ဆေးချသော အမျိုးအစားဖြစ်သည်။ အခြား အာရှ ပိစိဖတ် နိုင်ငံများစွာတွင် ဆေးချသော အမျိုးအစားကို
အသုံးပြုသော်လည်း တရုပ်ပြည်ကြီးတွင် အများအားဖြင့် အမြင့်မှ အနိမ့်သို့ ဆွဲချသည့် အမျိုးအစားကို သုံးသည်။
သင့်အတွက် မည်သို့သော ရေဆွဲစနစ်သည်
သင့်တော်ပါသလဲ။
သင်သည် အသုံးများပြီး အိမ်သာကို ပိတ်ဆို့စေနိုင်သည်ဟု ထင်ပါက စွမ်းဆောင်မှုမြင့်မားသည် ရေဆွဲစနစ်ကို စဉ်းစားသင့်သည်။
ကြီးမားသော ရေဆွဲဘား (၂ လက်မထက် ကြီးသော အချင်း) က ရေကို အရှိန်နှင့် အားကောင်းမှု ပိုများစေပြီး ကြီးသော ရေဖမ်းလမ်းကြောင်း
အထွက် (၂ လက်မထက် ကြီးသော အချင်း) က အရာဝတ္ထုပိုများများကို ပိတ်ဆို့ခြင်းမရှိစေဘဲ ရွေ့လျားစေသည်။
ရေဝဲနှစ်ထပ် ရေဆွဲစနစ်
ရေဝဲနှစ်ထပ် ရေဆွဲစနစ်က ရေသုံးစွဲမှုအနည်းဆုံးနှင့် ရေဆွဲမှုအား အမြင့်ဆုံးကို ပေးသည်။ အိမ်သာအိုး၏ ဒီဇိုင်းက ရေကို
ရှေ့သို့ယက်ထုတ်ပြီး အားကောင်းသော အဟုန်ကို ဖန်တီးပေးသည်။ ၎င်းသည် ဘောင်နှုတ်ခမ်းမဲ့ ရေဆွဲစနစ်လည်းဖြစ်သောကြောင့်
အိုးတစ်ခုလုံး အတွင်းဘက်ကို ထိရောက်စွာ သန့်ရှင်းပေးပြီး ဖုန်များ အနယ်များ စုပုံကပ်လာခြင်းမှ ကာကွယ်ပေးသည်။ ဤ
ဘောင်နှုတ်ခမ်းမဲ့ ရေဆွဲစနစ်ဒီဇိုင်းသည် အချိန်ကြာသည်နှင့်အမျှ ဖုန်များစုပုံခြင်းမရှိသောကြောင့် သန့်ရှင်းရန် လွယ်ကူစေသည်။
၎င်းသည် အလုပ်များသောအိမ်ထောင်စု နှင့်/သို့မဟုတ် အိမ်ထောင်စုဝင်များသော အိမ်အတွက် ရေချွေတာမှုဖြစ်စေပြီး ဆန်းသစ်တီထွင်မှု
အင်္ဂါရပ်ပါရှိသည်။
* Acacia Evolution နှင့် Milano အိမ်သာများအတွက် ရရှိနိုင်သည်
ရေသုံးစွဲမှုကို ထိန်းသိမ်းခြင်းသည်
သင့်အတွက် အရေးကြီးပါသလား။
နိုင်ငံ၏ မတူသောအပိုင်းများတွင် မတူသော ရေသုံးစွဲမှုကို ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စများရှိကြသည်။ ရေဆွဲနှစ်မျိုးပါသည့်
အိမ်သာများသည် သက်ရှိပတ်ဝန်းကျင်နှင့် ငွေကြေးသက်သာမှု နှစ်မျိုးစလုံးအတွက် ရေချွေတာမှုကို ဖြစ်စေသည်။ American Standard က
ရေဆွဲတစ်ဝက်လျှင် ရေ ၂.၆ လီတာသုံးပြီး ရေဆွဲအပြည့်လျှင် ရေ ၄ လီတာသုံးသော ရေဝဲနှစ်ထပ် အိမ်သာများကို ထုတ်လုပ်ပေးပါသည်။
၎င်းသည် ခန့်မှန်းခြေ မိသားစု ၄ ယောက်အတွက် တစ်နှစ်လျှင် ရေ ၂၂,၇၇၆ လီတာ သက်သာစေခြင်းကို ဖြစ်စေပါသည်။
တစ်ပိုင်းတည်း အိမ်သာလား။
နှစ်ပိုင်းတွဲ အိမ်သာလား။
တစ်ပိုင်းတည်း အိမ်သာ
"တစ်ပိုင်းတည်း" အိမ်သာသည် အမှန်စင်စစ် ခြောက်ခုမှ ဆယ်ခုအထိရှိသော အပိုင်းတစ်ခုစီကို ရေတိုင်ကီနှင့်
အိုးနှစ်မျိုးစလုံးပါရှိအောင် စပ်ကြောင်းမရှိ ချောမွေ့စွာ သွန်းလုပ်ထားခြင်းဖြစ်သည်။ ရလဒ်မှာ တိုင်ကီနှင့် အိုးအကြား
ဖုံနှင့် အနံ့များခိုကပ်နေနိုင်မည့် ကွဲကြောင်းများမရှိဘဲ လှပသည့် လက်ဖြင့်ကျွမ်းကျင်စွာ ဖန်တီးထားသော
အိမ်သာတစ်လုံးဖြစ်လာပါသည်။
နှစ်ပိုင်းတွဲ
"နှစ်ပိုင်းတွဲ " အိမ်သာတွင် သီးသန့်ဖြစ်သော အိုးနှင့် တိုင်ကီကို မူလီဖြင့် အတူတကွ တပ်ဆင်ထားသည်။ American Standard
အိုးများအားလုံးတွင် တိုင်ကီကို မူလီဖြင့်စုတ်ထားသည့် အိုး၏ နောက်ဘက်တွင် မြှင့်တင်ထားသော ကြွေဖြင့်လုပ်သည့် အခံဖြစ်သော
"မိလ္လာရေကာတာ" တစ်ခုရှိသည်။ ထိုမြှင့်တင်ထားသော နေရာသည် ရေကာတာကဲ့သို့လုပ်ဆောင်ပေးသဖြင့် စွန့်ပစ် အညစ်အကြေးများကို
သန့်ရှင်းစေကာ စုပုံစေခြင်း နှင့် တိုင်ကီနှင့် အိုးအကြား အနံ့ဆိုးများ ဖြစ်စေခြင်းမရှိပါ။
သန့်ရှင်းမှုသည် သင့်အတွက်
အရေးကြီးပါသလား။
ComfortClean™ မျက်နှာပြင်ကို စဉ်းစားပါ။ ၎င်းသည် သမရိုးကျ အရောင်တင်မှုအပေါ်တွင် အိုး၏အတွင်းသို့ အပူပေး၍ သုတ်လိမ်းထားသော
မိုက်ကရို ဘက်တီးရီးယားများ မကပ်နိုင်သည့် အလွန်အမင်း ချောမွေ့သော အရောင်တင်ထားမှုဖြစ်သည်။ ၎င်းက အိမ်သာကို
အလွန်ချောမွေ့သည့် အချောသတ်မှုဖြစ်စေပြီး ဖုန်ကပ်တင်ရန် မလွယ်ကူသောကြောင့် အိမ်သာကို ပိုမိုသန့်ရှင်းစေသည်။ အစွန်းထင်းများ၊
အနံ့များဖြစ်စေသော ဘက်တီးရီယား၊ မှို၊ နှင့် ဖားဥတက်ခြင်းများကို မျက်နှာပြင်တွင် မပေါက်ပွားစေရန် တားဆီးသောကြောင့်
၎င်းသည်ပိုမို သန့်ရှင်းနေပါသည်။ ၎င်းနည်းပညာသည် Acacia Evolution, Milano, Neo Modern, Concept Nuovo နှင့် Flexio ကဲ့သို့
American Standard ၏ အဆင့်မြင့် အိမ်သာများတွင် ပါရှိပါသည်။
သင်မည်သည့် ပုံစံကို
ကြိုက်နှစ်သက်ပါသလဲ။
American Standard တွင် ရှေးရိုး၊ ခေတ်မီ နှင့် ခေတ်ပေါ် ပုံစံများဖြင့် များပြားသော ရွေးချယ်စရာများရှိပါသည်။ Acacia
Evolution နှင့် Neo Modern တို့မှာ အချို့လူကြိုက်များသော ခေတ်မီပစ္စည်းများဖြစ်သည်။ Concept Nuovo ကဲ့သို့ ခေတ်ပေါ်
စုစည်းမှုများသည် ရောနှော၍ လိုက်ဖက်စေမှုအတွက် သုံးရန်ကောင်းမွန်ပြီး Compact Codie က နေရာသက်သာစေမည့် အခက်အခဲများကို
ဖြေရှင်းပေးပါသည်။
ရှေ့ဘက်တွင်အဝိုင်း သို့မဟုတ်
ဘဲဥပုံလား။
ရှေ့ဘက်တွင်အဝိုင်းပုံရှိသော အိမ်သာများသည် ကျဉ်းမြောင်းသော နေရာတွင် တပ်ဆင်ရန် ကျစ်လစ်မှုရှိသည်။ ဘဲဥပုံအိမ်သာများသည်
သက်တောင့်သက်သာ ရှိစေရန် ရှေ့ဘက်တွင် နေရာပိုယူသည်။ American Standard သည် လက်နှိပ်ရေဖြန်း နှင့် e-ရေဖြန်း ထိုင်ခုံများကို
ကြိုတင်ရွေးချယ်ထားသော American Standard အိမ်သာများတွင် ၁၀၀% သင့်တော်ပြီး လိုက်ဖက်ညီမှု ရှိစေရန်လည်း ပြုလုပ်ပေးသည်။
မြင့်သောအိုးကို
သင်လိုချင်ပါသလား။
လူအများက မြင့်သောအိုးသည် ပို၍သက်တောင့်သက်သာရှိသည်ဟု ဆိုကြသည်။ American Standard သည် မော်ဒယ်အများစုအတွက် “သင့်တော်သော
အမြင့်” ရွေးချယ်မှုများပေးထားသည်။ ၎င်းတို့သည် ကြမ်းပြင်မှ အိမ်သာအထိုင်သို့ ၄၀၀-၄၃၀ မီလီမီတာရှိပြီး ထိုအမြင့်သည်
အလုပ်လုပ်ရာတွင် ထိုင်သည့် ထိုင်ခုံတစ်ခု၏ အမြင့်ဖြစ်သော ၃၅၀-၅၁၀ မီလီမီတာကို အခြေခံထားခြင်းဖြစ်ကာ အထူးသဖြင့်
သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် နှင့် မသန်မစွမ်းသူများအတွက် အိမ်သာခုံ အထိုင် အထကို လွယ်ကူစေရန်ဖြစ်သည်။
သင့်အတွက် အရွယ်အစားနှင့်
အကြမ်းစဉ်းစားထားသော လိုအပ်ချက်များမှာ ဘာပါလဲ။
အိမ်သာများသည် အရွယ်အစား မျိုးစုံရှိသောကြောင့် သင်ပေးနိုင်သော နေရာ၏ အလျား၊ အနံ၊ အမြင့်ကို တိုင်းထွာပါ။ ကြမ်းပြင်တွင်
မူလီစုပ်ထားသော အိမ်သာများသည် နံရံမှ ၁၂ လက်မကွာဝေးသည် (အောက်ခြေအပြားကို ထည့်မတွက်ပါ)။ ၎င်းကို “အကြမ်း”
တိုင်းထွာမှုဟုခေါ်သည်။ သင် လိုအပ်သည့်အရာကို သိရှိရန် ဦးစွာတိုင်းထွာပါ။
အရည်အသွေး အာမခံချက်
American Standard အိမ်သာများကို မြင့်မားသော အရည်အသွေးနှင့် ကြာရှည်ခံ အသုံးပြုနိုင်မှု သေချာစေရန် အပြည့်အဝ
စမ်းသပ်စစ်ဆေးထားပါသည်။ ၎င်းတွင် ပစ္စည်းများကို မထုပ်ပိုးမီ စက်ရုံတွင် အိုးတိုင်းကို ရေဆွဲစမ်းသပ်မှုပါဝင်ပါသည်။
ပါဝင်ပစ္စည်း တစ်ခုစီကို American Standard ၏ လုပ်ငန်းတွင် ထိပ်ဆုံးဖြစ်သည့် ထုတ်ကုန်၏ ကြာရှည်ခံမှု စံနှုန်းများနှင့်
ကိုက်ညီစေပါသည်။
View All
Toilets
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံe
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။t
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။