ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံ
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
ဘုံဘိုင်ခေါင်းများသည် ပုံသဏ္ဍန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးတို့ ရှိကြသည်။ သင့်အတွက် သင့်တော်သော
ဘုံဘိုင်ခေါင်းကိုရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားပါ။
စတိုင်
ကြီးမားသော ဘေစင်တွင်
ဘုံဘိုင်ခေါင်း အသေးကလေး သို့မဟုတ် ဘုံဘိုင်ခေါင်းအကြီးကို ဘေစင်အသေးလေးတွင် တပ်ဆင်ခြင်းကို ရှောင်ပါ။ ဘေစင်၏ပုံစံနှင့်
လိုက်ဖက်မည့် ခေတ်ပေါ် သို့မဟုတ် ရှေးရိုးပုံစံကဲ့သို့ စတိုင်များကို ရွေးချယ်ရန် သေချာပါစေ။ ဘေစင်ခွက်၏ အလယ်တည့်တည့်သို့
ရေတိုက်ရိုက်ကျမည့် ဘုံဘိုင်ခေါင်းကို ရှာပါ။ ကြီးမားသောဘေစင်အတွက် နှုတ်သီးရှည် သို့မဟုတ် ဆွဲယူနိုင်သော ရေပန်းကို
စဉ်းစားပါ။ အကယ်၍ ဘုံဘိုင်ခေါင်းသည် တိုလွန်းပါက လိုအပ်သောနေရာကို မှီမည်မဟုတ်ပါ။ သင့်ဘုံဘိုင်ခေါင်းသစ်သည် သင့်ဘေစင်ရှိ
မှန်ကန်သော အပေါက်ဖောက်ထားသည့် ဗဟို ၄ လက်မ ၊ ဗဟို ၈ လက်မ တို့နှင့် သို့မဟုတ် အပေါက် တစ်ပေါက်တည်းနှင့် ကိုက်ညီအောင်
သေချာပါစေ။
လက်ကိုင်များ
မည်သည့်အမျိုးအစား မည်မျှကို သင်လိုချင်ပါသလဲ။ ကျွန်ုပ်တို့၏ ဒီဇိုင်းများသည် အစဉ်အလာအတိုင်း ကြက်ခြေခတ် လက်ကိုင်များမှ
ခေတ်ပေါ် ဖိတံတစ်ခုတည်း နှင့် လက်ကိုင်နှစ်ခုပါသည့် မော်ဒယ်များအထိ ရှိပါသည်။ တစ်မျိုးတည်းထိန်း နှင့် နှစ်မျိုးထိန်းပေးသော
ဒီဇိုင်းများတွင်ရှိ ဖိတံလက်ကိုင်များသည် လှပတင့်တယ်ရုံသာမက သေးငယ်သော လက်ချောင်းများ သို့မဟုတ် လှုပ်ရှားနိုင်မှုနည်းသော
လက်ချောင်းများရှိသည့် လူများအတွက် အသုံးပြုရန်လည်း လွယ်ကူစေသည်။
ဆွဲထုပ်နှုတ်သီး
နှုတ်သီးရင်းမှ ရေခေါင်းကို ဘေးဘက်ရေဖြန်းကဲ့သို့ ကျန်ရှိသော နှုတ်သီးမှ ဆွဲယူနိုင်သော ဆွဲထုပ်နိုင်သော သို့မဟုတ်
ဆွဲချနိုင်သော နှုတ်သီးပါသည့် မီးဖိုချောင်သုံး ဘုံဘိုင်ခေါင်းကို ရွေးချယ်ပါ။ ထိုဘုံဘိုင်ခေါင်းများသည် ဘေစင်အတွင်း
သင်ပက်ဖြန်းလိုသော နေရာသို့ ရေကို ပက်ဖြန်းနိုင်စေသည်။
တပ်ဆင်ခြင်း
စိတ်ဝင်စားမှုပိုကောင်းစေရန် ကျွန်ုပ်တို့သည် ဘေစင်၊ ဘုံဘိုင်ခေါင်းတပ်သည့် စားပွဲ၊ စားပွဲပေါ်၊ သို့မဟုတ် နံရံသို့
တိုက်ရိုက် တပ်ဆင်နိုင်သော ဘုံဘိုင်ခေါင်းမျိုးစုံကို ထုတ်လုပ်ပေးပါသည်။ အပေါက်ပုံစံများနှင့် ပတ်သက်၍ အထူးသဖြင့် ရှည်သော
စားပွဲတင် လှေခွက်ဘုံဘိုင်ခေါင်းများ သို့မဟုတ် နံရံတပ် ဘုံဘိုင်ခေါင်းများကို တပ်ဆင်ရန်လိုအပ်သည့် လှေခွက်ဘေစင်များကို
သုံးသည့်အခါ သင့် ဘုံဘိုင်ခေါင်းသည် သင့် ဘေစင်နှင့် အသုံးတည့်မှုရှိမရှိကို သေချာစစ်ဆေးပါ။
အစက်မကျသော
ဘုံဘိုင်ခေါင်းများ
ဘုံဘိုင်ခေါင်းအသစ်၏ ရေရှည်ခံမှုကို စဉ်းစားပါ။ သို့မဟုတ် ပိုအရေးကြီးသည်မှာ ရေမယိုဘဲ ကြာရှည်ခံစေရန်ဖြစ်သည်။
ဘုံဘိုင်ခေါင်းများသည် ရေရှည်လုပ်ဆောင်နိုင်ပြီး တစ်သက်လုံး ရေမယိုဘဲရှိသင့်သည်။ ဟောင်းနွမ်းခြင်းမရှိဘဲ
ရေဖိအားအလွန်များသည့် အခြေအနေတွင်ပင် မယိုဘဲခံနိုင်သည့် မာကြောအောင်လုပ်ထားသော ကြွေမှလုပ်ထားသည့် အဝိုင်းပြားများကို
ကြွေအဝိုင်းပြားဘားတွင် အသုံးပြုသည်။
ClickMove
ဘုံဘိုင်ခေါင်း
အကယ်၍ သင်သည်ရေကိုချွေတာသုံးရန်ဖြစ်ပါက ClickMove နည်းပညာကို သုံးထားသော ဘုံဘိုင်ခေါင်းကို
ရှာပါ။ အတံကိုမ၍ ရေဖွင့်သည့်အခါ မစဉ် ခုလပ်တွင် ခုခံမှုကိုပေးခြင်းဖြင့် ဤနည်းပညာက ရေပမာဏကို ပိုမိုကောင်းမွန်စွာ
ထိန်းချုပ်နိုင်စေပြီး သင့် အဖိုးတန်ရေကို ချွေတာနိုင်လိမ့်မည်။
EcoStart
ဘုံဘိုင်ခေါင်းများ
အစဉ်အလာဖြစ်သည့် ရောနှောရေခေါင်းများနှင့် မတူညီဘဲ EcoStart နည်းပညာက ရေဖွင့်တံကို မသောအခါ
ရေပူကိုမလွှတ်ဘဲ ရေအေးကိုလွှတ်ပေးသည်။ ၎င်းက ရေပူအိုးကို အပူပေးခြင်းမှကာကွယ်သောကြောင့် အဖိုးတန်စွမ်းအင်ကို ၃၀% အထိ
ချွေတာပေးသည်။ ရေပူကိုအလိုရှိပါက ဖွင့်တံကို ဘယ်ဘက်သို့လှည့်ရန်သာ လိုသည်။ Acacia Evolution ဘေစင် ရောနှောရေခေါင်းများကို
EcoStart နည်းပညာထည့်သွင်း၍ ထုတ်လုပ်ထားပါသည်။
ရေချိုးခန်း ဘုံဘိုင်ခေါင်း အားလုံးကိုကြည့်မည်
-
လုပ်ဆောင်ပုံ လမ်းညွှန်များ
- ဝင်ရောက်နိုင်သော ပုံစံe
- သေးငယ်သော ရေချိုးခန်းများအတွက် စိတ်ကူးကြီးကြီး
- အိမ်သာကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်းဘေစင်တစ်ခုကို ဘယ်လိုရွေးရမလဲ။t
- ဘုံဘိုင်ခေါင်းတစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- မီးဖိုသုံး ဘေစင်တစ်ခုကို ဘယ်လိုရွေးချယ်မလဲ
- ကျွမ်းကျင်သူတစ်ဦးကို ရှာမည်
- သင့် ရေချိုးခန်း သို့မဟုတ် မီးဖိုအတွက် သင့်တော်သောအရောင်ကို ဘယ်လိုရွေးချယ်မလဲ
- နှိပ်နယ်သည့် ရေချိုးကန်ကို ဘယ်လိုရွေးချယ်မလဲ
- ရေချိုးခန်း ပြုပင်မွမ်းမံမှုတစ်ခုအတွက် အသုံးစရိတ်ကို ဘယ်လိုထိန်းမလဲ။
- သင့်ရေချိုးခန်းကို အနားယူရေစမ်း အခန်းကဲ့သို့ဖြစ်အောင် ဘယ်လိုလုပ်မလဲ။